About Us

ယနေ့ မြန်မာနိုင်ငံ၏ ထိပ်တန်းစာရင်းဝင် ကိုယ်ပိုင်ကျောင်းတစ်ခုအဖြစ်ခိုင်မာစွာရပ်တည်နေသော စိုးစံကို ၁၉၈၃ ခုနှစ်တွင် စိုးစံ၏ ဖခင်ကြီးဖြစ်သော ဦးမောင်လတ်နှင့် ဒေါ်နန်းယဉ်ယဉ်တို့မှ မိသားစုဘော်ဒါဆောင်ကလေး အဖြစ် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

စတင် တည်ထောင်ချိန်မှ အစပြု၍ ယခုလက်ရှိတိုင်အောင် ကျောင်းသား လူငယ်များ၏ ခေတ်နှင့်အညီ အမှန်တကယ် လိုအပ်ချက်များ နှင့် မိဘများ၏ ဆန္ဒများကို မျက်ခြည်မပြတ် စောင့်ကြည့်ဖြည့်ဆည်းပေးခဲ့သည့် အားလျော်စွာ နှစ်စဉ်နှစ်တိုင်း ထူးချွန်သော ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ၏ Top Ten စာရင်းဝင် ထူးချွန် ကျောင်းသား ကျောင်းသူများ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ပညာတတ်လူငယ်များစွာကို မွေးထုတ်ပေးခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော်ခဲ့ပြီ ဖြစ်သည်။

ယခင်က အထက်တန်း ကျောင်းသား လူငယ်များအား အဓိက လေ့ကျင့်သင်ကြားပေးခဲ့ရာမှ ၂၀ဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုယ်ပိုင် အထက်တန်းကျောင်းအဖြစ် နေပြည်တော်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အလယ်တန်းကလေးများကိုပါ စတင်လက်ခံ သင်ကြားပေးခဲ့ပြီးဖြစ်သည်။

ကလေးများ ကောင်းမွန်စွာ ဘက်စုံဖွံ့ ဖြိုးစေရန် အားကစား၊ ကွန်ပျူတာ၊ ဘာသာစကား၊ ကိုယ်ခံပညာများကိုပါ ထပ်မံသင်ကြားစေခဲ့ပြီး ကိုယ်ပိုင်အရည်အသွေးများဖြစ်သော စဉ်းစားဆုံးဖြတ်နိုင်ခြင်း၊ အများနှင့်အတူ ယှဉ်တွဲဆောင်ရွက်နိုင်ခြင်း၊ ဦးဆောင်နိုင်ခြင်းစသည်တို့အတွက် လေ့လာရေးခရီးစဉ်များကိုပါ ထည့်သွင်းခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံသည် အရှိန်အဟုန်ဖြင့်တိုးတက်လာနေပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် အခွင့်အလမ်းများပါ ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် စိုးစံသည် အမြော်အမြင်ကြီးစွာဖြင့် ၂၀၁၂-၂၀၁၃ စာသင်နှစ်မှ အစပြု၍ နိုင်ငံတကာသင်ရိုးညွှန်းတမ်းကိုပါ ထည့်သွင်းသင်ကြားစေခဲ့ခြင်းဖြင့် ကျောင်းသားလူငယ်များအနေဖြင့် တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ တက္ကသိုလ်များတွင် တက်ရောက်လိုပါက တက်ရောက်နိုင်ပြီး နိုင်ငံခြားတက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားလိုပါကလည်း သင်ကြားနိုင်မည်ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်တန်းတွင် အမှတ်နည်းသွားသဖြင့် မိမိတက်လိုသောကျောင်းကို မတက်ရောက်နိုင်သော ကျောင်းသားကျောင်းသူများအတွက်လည်း စိုးစံမှ လစ်ဟာမှုမရှိရအောင် ၂၀ဝ၇ ခုနှစ်မှ အစပြု၍ မြန်မာနိုင်ငံ၏ ပထမဦးဆုံး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အသိအမှတ်ပြု၊ UK Pearson Edexcel Approved HND College ဖြစ်သော Chindwin College ကို မြန်မာနိုင်ငံ၏ အချက်အချာ မြို့ ကြီးများဖြစ်သော မန ္တလေးနှင့် ရန်ကုန်မြို့များတွင်  စတင်ဖွင့်လှစ်ပေးခဲ့ပြီး Electrical and Electronic Engineering, Mechanical Engineering, Civil Engineering, Business Management, Business Accounting, Hospitality & Tourism Program များ ၊ MBA Program များကို သင်ကြားပေးလျက်ရှိသည်။

စိုးစံ၏သမိုင်းတလျှောက်တွင် အရည်အသွေးပြည့်မှီသော ပညာတတ်လူငယ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ပြီး ပိုမိုကောင်းမွန်၍ အရည်အသွေးပြည့်ဝသို့ မျိုးဆက်သစ်များကို မွေးထုတ်ပေးနေဦးမည်ဖြစ်သည်။