Facilities
 

ကိုယ်ပိုင်အဆောင်များ

မိမိ၏ ကိုယ်ပိုင်အခန်းတွင် ကိုယ်ပိုင်ကုတင်တစ်လုံး၊ စာကြည့်စားပွဲနှင့် ကုလားထိုင်တစ်စုံ၊ စာအုပ်စင် ထားရှိပေးသည်။ နေပြည်တော်ရှိ ကျောင်းသားအိပ်ဆောင်များတွင် ကိုယ်ပိုင် အဝတ်တန်းပါ ၄ဆင့်ဗီဒိုတစ်လုံးစီ နှင့် ပန်ကာထားရှိပေသည်။ လေဝင်လေထွက်ကောင်း၍ သက်သာကျယ်ဝန်းသော နှစ်ယောက်ခန်း၊ သုံးယောက်ခန်းများတွင် သီးသီးသန့်သန့် နေနိုင်မည် ဖြစ်သည်။

air con ခန်းတွင် နေလိုသောသူများအတွက် air con ခန်းများလည်း ထားရှိပေသည်။ air conခန်းတွင် နေလိုပါက ပုံမှန်အဆောင်ကြေးအပြင် တစ်နှစ်လျှင် နှစ်ယောက်အတွက် တစ်ဦးလျှင် ၁၈,ဝ၀ဝ ကျပ်စီ၊ နှစ်ယောက်ခန်းကို တစ်ဦးတည်းနေလိုပါက ၃၆,ဝ၀ဝ ကျပ် အပိုထပ်ဆောင်း၍ ပေးသွင်းရုံဖြင့် နေနိုင်မည်ဖြစ်သည်။ ၂၄နာရီရေ/မီး ရရှိသည့် အပြင် လုံခြုံရေးအတွက် CCTV camera များကို တပ်ဆင်ပေးထားသည့်အပြင် ၂၄နာရီ နေ့စောင့်ညစောင့်များ ထားရှိပေးပါသည်။

စာသင်ခန်းများ

ကျောင်းသားများ၏ ပင်ကိုဉာဏ်ရည်နှင့် အခြေခံအလိုက် လူဦးရေသတ်မှတ်ထားသော ခေတ်မှီသင်ထောက်ကူပစ္စည်းများ ပြည့်စုံသည့် စာသင်ခန်းများတွင် လေ့ကျင့်သင်ကြားစေသည်။

Labs

ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဇီဝဗေဒ ဓာတ်ခွဲခန်းများတွင် မိမိတို့သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများကို တစ်လလျှင်တစ်ကြိမ်ကျ လက်တွေ့ပြုလုပ်သင်ကြားစေသည်။ သင်ထောက်ကူပစ္စည်းစုံလင်သော Language Lab များတွင် တစ်ပတ်လျှင် တစ်ကြိမ်နှင့် Computer Lab တွင် တစ်ပတ် တစ်ကြိမ်သင်ကြားစေပါသည်။

Sport

ကိုယ်ခန္ဓာသန်စွမ်းကျန်းမာစေရန် ဘောလုံးကွင်း၊ ဘတ်စကတ်ဘောကွင်း၊ ဘော်လီဘောကွင်းနှင့် ခြင်းဝိုင်း ထားရှိပေးပြီး တစ်ပတ်လျှင် တစ်ကြိမ် သင်တန်းဆရာများနှင့် စနစ်တကျကစားတတ်စေရန်သင်ကြားပေးသည်။ ယောကျာ်းလေးများကို တစ်ပတ်တစ်ကြိမ် အားကစားခန်းမတွင် ကရာတေးသင်ပေးပါသည်။

Recreation Facilities

ကျောင်းသားကျောင်းသူများအား တစ်လလျှင်တစ်ကြိမ် သတ်မှတ်ထားသော စနေနေ့တိုင်း မိဘမှလာခေါ်လျှင် အပြင်ထွက် အိပ်ခွင့်ပေးပြီး တနင်္ဂနွေနေ့မနက်ပိုင်းတွင် မနက်ပိုင်းအပြင်ထွက်လည်ခွင့်ပေးပါသည်။ မိဘလာမခေါ်သူများအား Hall Room တွင် သင့်တော်သော ရုပ်ရှင်ပြပေးခြင်း၊ ယောကျာ်းလေးများအတွက် Guitar များ ထားပေးခြင်း၊ မိန်းကလေးများအတွက်Karaoke စက်ထားပေးပါသည်။ စာဖတ်လိုသော ကျောင်းသားများအတွက် စာကြည့်တိုက်နှင့် စာဖတ်ခန်းထားရှိပေးပြီး လစဉ်ထုတ် မြန်မာ အင်္ဂလိပ် ဂျာနယ်များ၊ သတင်းစာများ၊ အခြားဗဟုသုတရစေမည့် သင့်လျော်သောစာအုပ်များထားရှိပေးပါသည်။

Meal and Culinary Facilities

စိုးစံမှ သန့်ရှင်း၍ အရသာကောင်းမွန်ပြီး အာဟာရပြည့်ဝသော အစားအစာများကို သန့်ရှင်းသပ်ရပ်သော စားဖိုဆောင်များမှ ချက်ပြုတ်ပေးပြီး ပူပူနွေးနွေးစားနိုင်ရန် စီစဉ်ပေးပါသည်။

Seezar Store & Bistro

Soe San ၏ branch တစ်ခုဖြစ်သော Seezar စတိုးနှင့် bistro တွင် ကျောင်းသားကျောင်းသူများ အချိန်မရွေးအလွယ်တကူ ဝယ်ယူနိုင်ရန် စာရေးကိရိယာများ၊ ရေချိုးခန်းသုံးပစ္စည်းများ၊ Snack & Drink အစရှိသဖြင့် ရောင်းချပေးသည်။ သန့်ရှင်းပြီး အရသာကောင်းမွန်၍ ဈေးနှုန်းသက်သာသော SeeZar Bistro တွင် ထမင်းကြော်၊ ခေါက်ဆွဲကြော် အစရှိသော အဆာပြေစားစရာများကို အတန်းဆင်းချိန်များ အားလပ်ချိန်များတွင် သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့စကားပြောရင်း၊ စာကျက်ရင်းစိတ်ကျေနပ်စရာကောင်းသော နေရာထိုင်ခင်းနှင့် ပတ်ဝန်းကျင်တွင် အနားယူနိုင်မည်ဖြစ်သည်။

Health Care Facilities

စိုးစံမှ ကျန်းမာရေးဝန်ဆောင်မှုအဖြစ် အဆောင်တိုင်းတွင် ၂၄နာရီဆေးခန်းနှင့် သူနာပြုနှစ်ဦးစီ ထားရှိပေးပြီး တစ်ရက်လျှင် တစ်နာရီ ပြင်ပဆရာဝန်များမှ လာရောက်စစ်ဆေးကြည့်ရှုပေးပါသည်။ နေမကောင်းလျှင် သီးသန့်အနားယူနိုင်ရန် ဆေးနားခန်းထားရှိပေးသည်။