Achievements

စိုးစံသည် စတင်တည်ထောင်ချိန်မှ စ၍ မြန်မာနိုင်ငံ၏ အဓိကပညာရေးမဏ္ဍိုင်ဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲတွင် နှစ်စဉ်နှစ်တိုင်း အောင်ချက်နှင့် ဂုဏ်ထူးရာခိုင်နှုန်းမြင့်မားစွာဖြင့် မိမိတို့၏ ကြိုးပမ်းမှုနှင့် အရည်အသွေးကို သက်သေပြနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတက္ကသိုလ်ဖြစ်သော ဆေးတက္ကသိုလ်သို့လည်း နှစ်စဉ်နှစ်တိုင်း ထူးချွန်ကြိုးစားသော လူငယ် အမြောက်အများကို အရောက် ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ ယုံကြည်စွာ အပ်နှံလာသော မိဘများ၏ ယုံကြည်မှုကိုလည်း တစ်ကြိမ်တစ်ခါမှ မပျက်ပြားစေဘဲ ဘာသာစုံဂုဏ်ထူးရှင်များ နှင့် အခြား ဂုဏ်ထူးရှင်ပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ထို့ထက်မက မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဖာ/သိပ္ပံ Top Ten စာရင်းဝင် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ကျောင်းသူကျောင်းသားများကိုလည်း မွေးထုတ်ပေးလျှက် ရှိပါသည်။

၁၉၉၉ - ၂၀ဝ၀ မြန်မာတစ်နိုင်ငံလုံး သိပ္ပံ ‘ပဉ္စမ’ မင်းသူရလှိုင် (မမ ၁၅၃၁)

၂၀ဝ၂ - ၂၀ဝ၃ မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဖာ ‘ပထမ’ တင်မောင်ဝင်း (မမ ၆၄၆၂)

၂၀ဝ၃ - ၂၀ဝ၄ မြန်မာတစ်နိုင်ငံလုံး သိပ္ပံ ‘ဒုတိယ’ ရဲဦး (မမ ၁၄၀၆)

                     မြန်မာတစ်နိုင်ငံလုံး သိပ္ပံ ‘ဒသမ’ ဇာနီကို (မမ ၈၃၆)

၂၀ဝ၄ - ၂၀ဝ၅ မြန်မာတစ်နိုင်ငံလုံး သိပ္ပံ ‘ဒသမ’ အောင်ဖြိုးစံ (မမ ၆၉၂)

၂၀ဝ၇ - ၂၀ဝ၈ မြန်မာတစ်နိုင်ငံလုံး သိပ္ပံ ‘တတိယ’ ဝေမွန်အောင် (မမ ၆၃၁)

                     မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ် ‘ဆဌမ’ အောင်ကိုကို (မမ ၉၉၉)

၂၀ဝ၉ - ၂၀၁၀ မြန်မာတစ်နိုင်ငံလုံး သိပ္ပံ ‘နဝမ’ ပြုံးပြုံးကြည် (မမ ၄၃)

 

စိုးစံ၏ လက်စွဲဆောင်ပုဒ်ဖြစ်သော “Better Than Others Try Harder Than Ever” အတိုင်း အကောင်းဆုံးကြိုးစားခဲ့သူတို့သည် သာလွန်ကောင်းမွန်သောနေရာကို ပိုင်ဆိုင်ခွင့်ကို ရခဲ့ကြလေပြီ။