မမ Message, Soe San Boarding School

Message from Founder & Principal

Academics စာသင်ချိန်များ

  • Grade 6 မှ Grade 9 အတန်းများကို တနင်္လာမှ သောကြာအထိအခြေခံပညာသင်ရိုးကို မနက် ၈း၄၅ မှ ညနေ ၄း၁၅၊ Grade 10 နှင့် Grade 11တို့ကို မနက် ၇းဝ၀ မှ နေ့လည် ၁၂းဝ၀ တွင် သင်ကြားပေးလျက်ရှိပြီး စနေ၊တနင်္ဂနွေနေ့များတွင် နိုင်ငံတကာ သင်ရိုးကို သင်ကြားပေးလျက်ရှိပါသည်။
  • သင်ခန်းစာများကို နားမလည်သည်များရှိပါက စာပြန်မေးနိုင်ရန် စာနွေးဆရာဖြင့် နေ့စဉ်(၃)နာရီ သင်ကြား ပေးထားသဖြင့် ကျောင်းသားများအနေဖြင့် စာမလိုက်နိုင်မှာကိုစိုးရိမ်စရာလုံးဝမလိုဘဲ အခေါက်ခေါက်အခါခါ ပြန်လှန်လေ့ကျင့်ပေးသော သင်ခန်းစာများကို သက်တောင့်သက်သာစွာဖြင့် လေ့လာနိုင်မည်ဖြစ်သည်။  
  • အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲဖြေဆိုကာ ပင်ကိုယ်ဉာဏ်ရည်နှင့် အခြေခံအလိုက် လိုအပ်သလို ဖြည့်စွက်သင်ကြားပေးခြင်း ဖြစ်သဖြင့် ပင်ကိုဉာဏ်ရည်နှင့် အခြေခံမတူသဖြင့် အများနည်းတူ စာမလိုက်နိုင်မှာကိုလည်း စိတ်ပူရန်မလိုပါ။
  • ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဇီဝဗေဒ ဓာတ်ခွဲခန်းများကို တစ်လလျှင် တစ်ကြိမ်ကျစီစဉ်ပေးထားသဖြင့် သင်ခန်းစာများကို လေ့လာရာတွင်များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။

ကိုယ်ပိုင်စာကြည့်ချိန်

  • ကိုယ်ပိုင်စာကြည့်ချိန်အဖြစ် ညစဉ် ၇းဝ၀ မှ ၉ းဝ၀ နာရီ သတ်မှတ်ပေးထားပြီး ဘွဲ့ရဆရာ/ဆရာမများဖြင့် ကျောင်းသားများ စာရမရ၊ စိတ်ပါဝင်စားမှုရှိမရှိကို စောင့်ကြည့်ကြပ်မတ်စေပါသည်။ ကိုယ်ပိုင်စာကြည့်ချိန်တွင် စာနားမလည်ပါက တစ်ဦးချင်း ချက်ချင်းမေးနိုင်ရန် ဝိုင်းဆရာများကို ထားရှိပေးထားသဖြင့် သင်ခန်းစာများကို တနေ့ချင်း အခက်အခဲမရှိ အလွယ်တကူ လျင်မြန်စွာ သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည်။

အခြားလေ့လာမှုများ

  • ကျောင်းသားကျောင်းသူများ စာတော်ရုံသာမက အသိအမြင်တိုးပွားစေပြီး ကိုယ်ခန္ဓာသန်စွမ်းစေရန် ကွန်ပျူတာ၊ ဘာသာစကား၊ ပန်းချီ၊ ဂီတ၊ Volleyball ၊ Basketball ၊ Karate တို့ကို တစ်ပတ်လျှင် တစ်ကြိမ် ၁နာရီ ၃၀မိနစ် ကျ ကျွမ်းကျင်ပညာရှင်များဖြင့် အမှန်တကယ်တတ်မြောက်သည်အထိ စနစ်တကျ သင်ကြားပေးလျက်ရှိသည်။

  • ပြင်ပဗဟုသုတတိုးပွားစေရန် လေ့လာရေးခရီးတိုများကို တစ်လလျှင် တစ်ကြိမ်ကျ စီစဉ်ပေးသည်။ ပြင်ဦးလွင် Campus တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၊ တိုင်းရင်းသားကျေးရွာတို့ကို၎င်း၊ နေပြည်တော် Campus တွင် ပြည်သူ့လွှတ်တော်၊ စစ်သမိုင်းပြတိုက်၊ ရေပန်းဥယျာဉ်တို့ကို၎င်း သွားရောက်လေ့လာစေပါသည်။
    အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ နန်းမြင့်မျှော်စင်၊ ဂဝံကျောက်ပြခန်း၊ လိပ်ပြာပြခန်း၊ သစ်ခွစိုက်ခင်းပြခန်း တို့ကို၎င်း၊ တိုင်းရင်းသားကျေးရွာရှိ မြန်မာနိုင်ငံအရပ်ရပ်မှ ကျော်ကြားထင်ရှားသောနေရာများနှင့် တိုင်းရင်းသားတို့၏အကြောင်း လေ့လာစရာများကို၎င်း၊ ပြည်သူ့လွှတ်တော်နှင့် စစ်သမိုင်းပြတိုက်ရှိ လေ့လာစရာများကို၎င်း၊ ရေပန်းဥယျာဉ်၏ ခေတ်မှီနည်းပညာများကို၎င်း လေ့လာနိုင်သည့်အတွက် ကျောင်းသားများအနေဖြင့် စိတ်အပန်းပြေစေသည့်အပြင်  ကျောင်းသင်ခန်းစာများအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ပညာသင်ဆုနှင့် သင်တန်းကြေး

  • အတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော ကျောင်းသားများ ပညာသင်ဆု (Scholarship) လျှောက်ထားနိုင်ပါသည်။ လူရည်ချွန်ဆု၊မြို့နယ်ထူးချွန်ဆုရရှိခဲ့သော ကျောင်းသားများ၊ ဆရာဆရာမသားသမီးများ အနေဖြင့် Full Scholarship ကို လျှောက်ထားနိုင်ပါသည်။

ကျောင်းအိပ်ကျောင်းစားသင်တန်းကြေး

Grade 11 – ၂၃ သိန်း
Grade 10 – ၂၁ သိန်း
Grade 9 – ၂၀ သိန်း
Grade 8 – ၁၈ သိန်း
Grade 7 – ၁၈ သိန်း
Grade 6 – ၁၈ သိန်း

အရစ်ကျသွင်းလျှင်-

Grade 11 – ပထမအရစ် ၁၅ သိန်း၊ ဒုတိယအရစ် ၉ သိန်း
Grade 10 – ပထမအရစ် ၁၃ သိန်း ၅ သောင်း၊ ဒုတိယအရစ် ၉ သိန်း
Grade 9 – ပထမအရစ် ၁၂ သိန်း၊ ဒုတိယအရစ် ၉ သိန်း
Grade 8 – ပထမအရစ် ၁၀ သိန်း၊ ဒုတိယအရစ် ၉ သိန်း
Grade 7 – ပထမအရစ် ၁၀ သိန်း၊ ဒုတိယအရစ် ၉ သိန်း
Grade 6 – ပထမအရစ် ၁၀ သိန်း၊ ဒုတိယအရစ် ၉ သိန်း

(သို့မဟုတ်)
Grade 11 – ပထမအရစ် ၉ သိန်း၊ နှစ်လတစ်ကြိမ် ၄ သိန်း (၄ ကြိမ်)
Grade 10 – ပထမအရစ် ၇ သိန်း ၅ သောင်း၊ နှစ်လတစ်ကြိမ် ၄ သိန်း (၄ကြိမ်)
Grade 9 – ပထမအရစ် ၆ သိန်း၊ နှစ်လတစ်ကြိမ် ၄ သိန်း (၄ ကြိမ်)
Grade 8 – ပထမအရစ် ၄ သိန်း၊ နှစ်လတစ်ကြိမ် ၄ သိန်း (၄ ကြိမ်)
Grade 7 – ပထမအရစ် ၄ သိန်း၊ နှစ်လတစ်ကြိမ် ၄ သိန်း (၄ ကြိမ်)
Grade 6 – ပထမအရစ် ၄ သိန်း၊ နှစ်လတစ်ကြိမ် ၄ သိန်း (၄ ကြိမ်)

ပြင်ပကျောင်းသားများသင်တန်းကြေး

Grade 11 – ၈ သိန်း
Grade 10 – ၇ သိန်း ၅ သောင်း
Grade 9 – ၇ သိန်း
Grade 8 – ၆ သိန်း
Grade 7 – ၆ သိန်း
Grade 6 – ၆ သိန်း

အရစ်ကျသွင်းလျှင်

Grade 11 – ပထမအရစ် ၆ သိန်း၊ ဒုတိယအရစ် ၃ သိန်း
Grade 10 – ပထမအရစ် ၅ သိန်း ၅ သောင်း၊ ဒုတိယအရစ် ၃ သိန်း
Grade 9 – ပထမအရစ် ၅ သိန်း၊ ဒုတိယအရစ် ၃ သိန်း
Grade 8 – ပထမအရစ် ၄ သိန်း၊ ဒုတိယအရစ် ၃ သိန်း
Grade 7 – ပထမအရစ် ၄ သိန်း၊ ဒုတိယအရစ် ၃ သိန်း
Grade 6 – ပထမအရစ် ၄ သိန်း၊ ဒုတိယအရစ် ၃ သိန်း
(သို့မဟုတ်)
Grade 11 – ပထမအရစ် ၄ သိန်း၊ နှစ်လတစ်ကြိမ် ၁ သိန်း ၅ သောင်း (၄ ကြိမ်)
Grade 10 – ပထမအရစ် ၃ သိန်း ၅ သောင်း၊ နှစ်လတစ်ကြိမ် ၁ သိန်း ၅ သောင်း (၄ကြိမ်)
Grade 9 – ပထမအရစ် ၃ သိန်း၊ နှစ်လတစ်ကြိမ် ၁ သိန်း ၅ သောင်း (၄ ကြိမ်)
Grade 8 – ပထမအရစ် ၂ သိန်း၊ နှစ်လတစ်ကြိမ် ၁ သိန်း ၅ သောင်း (၄ ကြိမ်)
Grade 7 – ပထမအရစ် ၂ သိန်း၊ နှစ်လတစ်ကြိမ် ၁ သိန်း ၅ သောင်း (၄ ကြိမ်)
Grade 6 – ပထမအရစ် ၂ သိန်း၊ နှစ်လတစ်ကြိမ် ၁ သိန်း ၅ သောင်း (၄ ကြိမ်)

နွေသင်တန်းများ

  • စိုးစံမှ နှစ်စဉ်နှစ်တိုင်း မတ်လတွင် နွေသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချလိုသောသူများ တက်ရောက်နိ်ုင်ပါသည်။ နွေသင်တန်းမှစတက်လိုပါက ပုံမှန်သင်တန်းကြေးများနှုန်းအတိုင်း ၂လစာ ထပ်မံပေးသွင်းရပါမည်။