Mission & Vision

စိုးစံ၏ အဓိက ရည်ရွယ်ချက်မှာ အခြေခံပညာသင်ရိုးကို ပြီးဆုံးလျှင် အစိုးရတက္ကသိုလ်များတွင် တက်ရောက်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာ သင်ရိုးပြီးဆုံးလျှင် တက္ကသိုလ်ဝင်တန်းမအောင်သော်လည်း စိုးစံ၏ ချင်းတွင်းကောလိပ်မှတဆင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များတွင် တက်ရောက်နိုင်ရန်ဖြစ်သည်။

စိုးစံကိုရွေးချယ်ခြင်းအားဖြင့် စာတော်ရုံသက်သက်သာမကဘဲ အများနှင့်ပေါင်းသင်းဆက်ဆံတတ်မှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ကိုယ်ကို စနစ်တကျထိန်းသိမ်းနေထိုင်သွားတတ်မှုစသဖြင့် အခြေခံပညာကျောင်းသားဘဝမှစပြီး တက္ကသိုလ်ကျောင်းသားဘဝနှင့် ရှေ့ဆက်ရမည့်ခရီးအတွက်များစွာ အထောက်အကူဖြစ်သော အတွေ့အကြုံများကိုရရှိစေ မည်ဖြစ်သည်။ 

ပညာသင်ကြားရာတွင်လည်း သီအိုရီပိုင်းသာမက လက်တွေ့အသုံးချပညာကိုပါ Lab Room များ၊ စာသင်ခန်း ပြင်ပလေ့လာရေးများဖြင့် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာပါဝင်၍သင်ခန်းစာများကို ပိုမိုထိရောက်စွာ မှတ်သားနိုင် မည်ဖြစ်သည်။

စိုးစံ၏ ယနေ့အချိန်အထိ အရည်အသွေးကောင်းမွန်မှု၊ စည်းကမ်းကောင်းမွန်မှုများကို ဦးတည်ချက်ထားရှိ၍ အောင်မြင်မှု ရရှိခဲ့သည့်အတိုင်း စိုးစံသည် ယခုအခါတက္ကသိုလ်ဝင်တန်း အဆင့်ထက် ကျော်လွန်ကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ဦးတည်ပြောင်းလဲလျက်ရှိသည်။