Why Study in soe san

ပြောင်းလဲတိုးတက်လာသော ခေတ်နှင့်အညီ မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာလည်း ဘက်စုံထူးချွန်ရေးကို ဦးစားပေးလာပြီ ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲလာသော လူ့အဖွဲ့အစည်း၏ လိုအပ်ချက်နှင့်အညီကျောင်းသား လူငယ်များ၏ အနာဂတ် ပညာရေးကောင်းမွန်စေရန်အတွက် စိုးစံမှ ခေတ်မှီသင်ကြားရေး အစီအစဉ်သစ်များဖြင့် ခိုင်မာသော အာမခံချက် ပေးနေပြီ ဖြစ်ပါသည်။ အရည်အချင်းပြည့်မှီသော အတန်းပညာရေးအပြင် ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်စေရန်အတွက် စိုးစံမှ ထပ်မံသင်ကြားပေးနေသော သင်တန်းများမှာ 

  • ကွန်ပျူတာ
  • ဘာသာစကား
  • အားကစား
  • ကိုယ်ခံပညာ
  • အနုပညာ

စသည့် သင်တန်းများကိုပါ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးနေပါသည်။

  • အထူးအားဖြင့် တနင်္ဂနွေများတွင် နိုင်ငံတကာ သင်ရိုးကိုပါ ဖြည့်စွက်သင်ကြားပေးနေသဖြင့် PSLE Grade 6 နှင့် Grade 9 assessment ကို အခမဲ့ ဖြေဆိုနိုင်ပြီး ကျောင်းသူကျောင်းသားများ အနေဖြင့် ကျောင်းသင်ရိုးအောင်လက်မှတ်အပြင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကိုပါ တပြိုင်နက်ရရှိနိုင်မည်ဖြစ်သည်။

လူငယ်များပညာသင်ကြားရေး အတွက် အထူးသင့်လျော်သော ရာသီဥတုမျိုးရှိသည့် ပြင်ဦးလွင် နှင့် မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်သည့် နေပြည်တော် တို့တွင် စိုးစံ တည်ရှိပါသည်။

စိုးစံမှ တက်ရောက်မည့် ကျောင်းသားကျောင်းသူများ အတွက် အောက်ပါအတိုင်း စီစဉ်ထားရှိပါသည်။

  • ကျယ်ဝန်းသန့်ရှင်းပြီး လုံခြုံဆိတ်ငြိမ်သော ကျောင်းပရဝုဏ်
  • ခေတ်မှီ သပ်ရပ်၍ ကောင်းမွန်သော ကိုယ်ပိုင်အခန်းများနှင့် စာသင်ဆောင်များ၊
  • အရည်အသွေးပြည့်မှီသော Computer ခန်းများ၊ Lab ခန်းများ
  • ဘောလုံးကွင်း၊ ဘောလီဘောကွင်းများ
  • စိုးစံ၏ မူပိုင်ဖြစ်သော ဆည်းဆာ Store & Bistrol

စိုးစံ၏ မူလခံယူချက်အတိုင်း စည်းကမ်းကောင်းမွန်ရေးနှင့် အမှန်တကယ်ပညာတတ်မြောက်ရေးအပြင် ဘက်စုံထူးချွန်၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော အနာဂတ်လူငယ်များကို မွေးထုတ်ပေးနေသဖြင့် အခွင့်အလမ်းကောင်းများကို ရှာဖွေနေသော လူငယ်တိုင်းကို စိုးစံမှ ကြိုဆိုလျက်ရှိပါသည်။ စိုးစံမှ အောင်မြင်ပြီးသော ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတကာပညာရေးကို သင်ယူနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့များကို ချင်းတွင်းကောလိပ်တွင် ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ပါသည်။